မတ် - ၂၆ ( ကြာသပတေးနေ့ )
ဘရာဇီးလေတပ်ကို ခေတ်မီစေရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ တပ်ဆင်တဲ့ F-39E ဂရီပန် ကို ထုတ်လုပ်နိုင်ခဲ့ပြီး လက်တင်အမေရိကနိုင်ငံတွေထဲမှာ ပထမဆုံး အသံထက်မြန်တဲ့ တိုက်လေယာဉ်ကို ထုတ်နိုင်ခဲ့ပါတယ်။
သမ္မတ လူလာ က ဆော့အိုပေါ်လိုမြို့မှာ မနေ့က ပြုလုပ်တဲ့ လေယာဉ်အမည်ပေးခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အိန်ဂျယ်စီယာဘရာဇီး လို့ နာမည်ပေးထားတဲ့ အဆိုပါဂျက်လေယာဉ်အား ဆွီဒင်အခြေစိုက် ဆာအက်ဘ်ကုမ္ပဏီ နဲ့ ဘရာဇီးလေကြောင်းအာကာသကုမ္ပဏီ အမ်ဘရာယာတို့ ပူးပေါင်း ထုတ်လုပ်တာပါ။ F-39E ဂရီပန် သည် ဆွီဒင်နည်းပညာ နဲ့ ဘရာဇီးအင်ဂျင်နီယာတို့ရဲ့ အားထုတ်မှုတစ်ခု ဖြစ်ပါတယ်။
ဘရာဇီးလေတပ်မှာက ၁၉၇၀ ခုနှစ်လောက်ကတည်း က အမေရိကန်ဆီက ဝယ်ထားတဲ့ F-5 တိုက်လေယာဉ် ဟောင်းတွေ နဲ့ လည်ပတ်နေတာပါ။ အဲ့ဒိတိုက်လေယာဉ်ဟောင်းတွေ နေရာမှာ F- 39E တွေကို အစားထိုးတော့ မှာပါ။
REF: UPI
#MNP #News



No comments:
Post a Comment