အပစ်ရပ်ဖို့ သဘောတူကြပြီ
(အမေရိကန်- အီရန် စစ်ပွဲ နောက်ဆုံးရ သတင်းများ)
ဧပြီ - ၈ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့စွမ်းအင်အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်းကို နှစ်ပတ်ကြာ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အစုံ နဲ့ ချက်ချင်းဖွင့်လှစ်ရန် သဘောတူညီလိုက်တဲ့အတွက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးဆိုင်ရာကို သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ပါကစ္စတန်မှတစ်ဆင့်ပေးပို့သော အီရန်၏ အဆိုပြုချက် ၁၀ ချက်သည် “စေ့စပ်ညှိနှိုင်းရန် လုပ်ဆောင်နိုင်သော အခြေခံအချက်များ” ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးသတ်မှတ်ရက်အသစ် အတွင်း အပြီးသတ် သဘောတူညီချက်မရရှိပါက ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုအသစ်များကိုလုပ်ဖို့ အမိန့်ပေးမှာဖြစ်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။
အီရန်ဘက်ကတော့ ၎င်းတို့တောင်းဆိုတဲ့ အချက် ၁၀ ချက်ကို လက်ခံရန် အတင်းအကျပ် တွန်းအားပေး နိုင်ခဲ့တာကြောင့် အမေရိကန်အတွက် “သမိုင်းဝင် ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှု”ဖြစ်သွားပြီလို့ ဆိုပါတယ်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီက ပါကစ္စတန်မှာ အမေရိကန် နဲ့ စေ့စပ်ညှိနှိုင်းမှုများကို သီတင်းပတ်၂ ပတ်ကြာ တိုးမြှင့်သတ်မှတ်ပြီး နှစ်ဖက်သဘောတူထားသည့် သက်တမ်းကို တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ် က အီရန်နေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုမှုကို မလိုက်လျောပါက “ဒီညတော့ အီရန်တစ်နိုင်ငံလုံးကို ချေမွပစ်မယ်” ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အီရန်နဲ့ ဆွေးနွေးဖို့အတွက် နောက်ထပ် ၂ ပတ် စောင့်ပေးပါဦးဆိုပြီး ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။
အီရန်တောင်းဆိုတဲ့ အချက် ၁၀ ချက်ပါ အစီအစဉ်မှာ အမေရိကန်ဘက်က ကျူးကျော်ရန်စမှု မလုပ်ရပါဘူးဆိုတဲ့ ကတိကဝတ်များ၊ ဟော်မုဇ်ရေလက်ကြားကို အီရန်ကပဲ ဆက်လက်ထိန်းချုပ်မယ်၊ ယူရေနီယံ သန့်စင်မှုလက်ခံပေးရမယ်၊ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းပေးရမယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ IAEA ဆုံးဖြတ်ချက်များ ရပ်စဲပေးရမယ်၊ စစ်လျော်ကြေးငွေ ပေးရမယ်၊ အရှေ့ဖက်ဒေသမှ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့များ ရုပ်သိမ်းပေးရမယ် နဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ နဲ့ လက်ဘနွန် မှာရှိတဲ့ အမေရိကန်တပ်တွေအကုန် ရုပ်သိမ်းပေးရမယ် ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကတော့ လက်ဘနွန်တွင် လက်ရှိ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးက အစ္စရေးရဲ့ စစ်ဆင်ရေးများနဲ့ အကျုံးမဝင်ဘူးလို့ ပြောလိုက်တဲ့အတွက် ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ရဲ့ အစောပိုင်းထုတ်ပြန်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
အမေရိကန်က ဟောမုဇ် ရေလက်ကြားက ရေကြောင်း ပိတ်ဆို့မှုကို ကူညီပေးပါမယ် လို့ ထရမ့်က ထရုသ်ဆိုရှယ်မီဒီယာအကောင့် မှာ ရေးတင်ခဲ့ပြီး အမေရိကန် - အီရန် အပစ်ရပ်ရေးကနေ ရစရာ ဝင်ငွေ ကြီးကြီးမားမား ရှိနေပါတယ် နဲ့ အီရန်အနေနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို စတင်နိုင်ပါပြီလို့လည်း ရေးတင်ခဲ့ပါတယ်။
အီရန်စစ်ပွဲကို ဆန့်ကျင်သည့်အနေနဲ့ ပြီးခဲ့သည့်လက ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန် အမျိုးသား အကြမ်းဖက်မှု တန်ပြန်ရေးဗဟိုဌာန ဒါရိုက်တာဟောင်း ဂျိုးကန့် က အစ္စရေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်စီးရန် ကြိုးစားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
သမ္မတ ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြေငြာမီ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု ဆီကို ဖုန်းဆက် စကားပြောဆိုခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်နှင့် အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုခဲ့ကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်ဒူဂျာရစ် က ပြောကြားခဲ့ပါတယ်။ “အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်”လို့ ဆိုခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးကြရန်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment