မြောက်ကိုရီးယာကလည်း ဒုံးကျည်တွေ ပစ်ပြနေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ကိုရီးယာကလည်း ဒုံးကျည်တွေ ပစ်ပြနေပြီ



ဧပြီ - ၈ ( ဗုဒ္ဓဟူးနေ့ ) 

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များကို ဒီနေ့မနက်ပိုင်းမှာ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်က ဒရုန်းတွေနဲ့ မြောက်ကိုရီးယားဘက်ကို ကျူးကျော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုပြီး နှစ်ရက်အတွင်းမှာ မြောက်ကိုရီးယားက ဒုံကျည်ပစ်ခတ်မှုကို ၃ ကြိမ် လုပ်ခဲ့ကြောင်းကိုလည်း ဆိုးလ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ 

ဒီနေ့ မနက်ပိုင်း ၉ နာရီထိုးလောက်မှာ မြောက်ကိုရီးယားက ၎င်းရဲ့ ကမ်းရိုးတန်း ဝမ်ဆန် ဧရိယာမှ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို အရှေ့ပင်လယ်ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း ဆိုးလ် ပူးတွဲစစ်ဦးစီးချုပ်(JCS) က သတင်းထောက်များအား သတင်းပေးပို့ခဲ့ပါတယ်။ 

အဆိုပါ ဒုံးကျည်များသည် မိုင် ၁၅၀ ခန့် အကွာအဝေးသို့ ရောက်ရှိခဲ့ကြောင်း JCS မှ ပြောကြားပြီး တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်များက အဲ့ဒိဒုံးတွေရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာနေပါတယ်။ "ခိုင်မာသော တောင်ကိုးရီးယား-အမေရိကန် ပေါင်းစပ်ကာကွယ်ရေး အနေအထားအောက်တွင် စစ်တပ်သည် မြောက်ကိုရီးယားရဲ့ အမျိုးမျိုးသော လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး မည်သည့် ရန်စမှုများကိုမဆို တခဲနက် တုံ့ပြန်ရန် စွမ်းရည်နှင့် အဆင်သင့် ရှိနေတယ်"လို့  JCS က ပြောကြားခဲ့ပါတယ်။ 


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)