ဟင်္သာတမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်



ဟင်္သာတ၊ ဧပြီ ၈

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အား ဟင်္သာတမြို့တွင် ခရိုင်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဟင်္သာတခရိုင်  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃) ရက်၊ အကြိုနေ့မှ ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ် ၁ ခု၊ ဌာနဆိုင်ရာရေကစားမဏ္ဍပ်  ၃၇ ခု၊ သနပ်ခါး သင်္ကြန်  ၁ ခု၊ ပြိုင်ပွဲဝင်ယိမ်း ၁၂ ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့    ၈ ဖွဲ့နှင့် စင်တင်တေးဂီတများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်တည်ဆောက်နေမှုများ၊ လမ်းလျှောက်သင်္ကြန် ကြိုတင်ပြင်ဆင်နေမှုများ၊ ယိမ်းအကပြိုင်ပွဲများအတွက် သက်ဆိုင်ရာဌာနများ၊ အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များမှ ယိမ်းအကပျိုဖြူများ လေ့ကျင့်နေမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ဟင်္သာတခရိုင်တွင်လည်း ယခင်နှစ်များထက်ပိုမို၍ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကပြိုင်ပွဲများ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ သက်ကြီးပူဇော်ပွဲများ၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်  ဇီဝိတဒါနငါးလွတ်ပွဲများကိုလည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကော်မတီဝင်များက မိမိတို့ကဏ္ဍများအလိုက်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)