ဧပြီ - ၈ ( ဗုဒ္ဓဟူးနေ့ )
ဗြိတိန်ရှိ စာသင်ကျောင်းများက ကျောင်းများအတွင်း နဲ့ ကျောင်းပတ်ဝန်းကျင်မှာ ဓားနဲ့လိုက်လံထိုးတဲ့ ရာဇဝတ်မှု ဖြစ်ပေါ်ပါက ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အထူးပြုသင်တန်းများ သင်ကြားလေ့ကျင့်ပေးတယ်မယ်လို့ သိရပါတယ်။
ဓားထိုးမှု ရာဇ၀တ်မှု ထူထပ်တဲ့ ဒေသများရှိ စာသင်ကျောင်းပေါင်း ၂၅၀ မှ ကလေးများအား ပြင်းထန်သော အကြမ်းဖက်မှုများမှ လမ်းကြောင်းပြောင်းရန် အထူးလေ့ကျင့်မှုများ ပြုလုပ်မှာဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။ အန္တရာယ်နဲ့ နီးတဲ့ ဒေသမှ ကျောင်းသားများအတွက် လမ်းညွှန်ပေးခြင်း၊ ကျောင်းသွားရာ လမ်းကြောင်းများပေါ်တွင် အစောင့်အရှောက် နဲ့ အခြားသောလုံခြုံရေး ကိစ္စတွေအတွက် အစိုးရက ကန်ဒေါ်လာ ၁ သန်းခွဲကျော် ရင်းနှီမြုပ်နှံမယ်လို့ သိရပါတယ်။
အဆိုပါပရိုဂရမ်ကို ကျောင်းများပတ်ဝန်းကျင်တွင် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုလို့ခေါ်ပြီး ၎င်းသည် ကျောင်းသားခေါင်းဆောင်များအား ဓားရာဇ၀တ်မှုအန္တရာယ်နှင့်ပတ်သက်ပြီး လေ့ကျင့်ပေးမည်ဖြစ်ပါတယ်။ "ကျောင်းသားများရဲ့ဘေးကင်းရေးနှင့် ပြင်းထန်သောအကြမ်းဖက်မှုများကို ကာကွယ်ရန် ဒေသဆိုင်ရာ ဖြေရှင်းနည်းများ" ကို လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ ဓားထိုးမှု ရာဇ၀တ်မှုများကို ထက်ဝက် လျှော့ချရန် အစိုးရက ၁၀ နှစ်စီမံကိန်းတွေရေးဆွဲထားပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment