တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူ ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တို့ လွှတ်တော်၌ ကတိသစ္စာပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူ ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်တို့ လွှတ်တော်၌ ကတိသစ္စာပြု




မြစ်ကြီးနား ဧပြီ ၁၀

 တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ် တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းနှင့် စပ်လျဉ်း ၍ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင် မြှောက်ထားရသူထံက ဦးတိန့်ဆောင် စီမံကိန်း၊ စီး ပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအစား အစားထိုးပြင် ဆင်ဖြည့်စွက် အဆိုပြုလာသည့် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ဗိုလ်မှူးကြီးကျော်သူရ၊ ဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးချန်တန်ခင်၊ ဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဦးကျော်မင်းခိုင်၊ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန၊ ဦးအောင်နိုင်၊ ဝန်ကြီး၊လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာန၊ ဦးရဲရင့်ဆွေ၊ ဝန်ကြီး၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာအောင်ဝင်း၊ ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဒေါက်တာသန်းဌေးအောင်၊ ဝန်ကြီး၊ စည်ပင်သာ ယာရေးဝန်ကြီးဌာန ဟူ၍ ပြည်နယ်ဝန်ကြီးများ အ မည်စာရင်းအား ပြန်လည်အစားထိုးဖြည့်စွက်ခန့် အပ်တာဝန်ပေးအပ်နိုင်ရန် အဆိုပြုလာမှုအပေါ် ကန့်ကွက်ကြောင်း အဆိုတင်သွင်းမှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်သည်။ 

ထို့နောက် အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ် တော်သို့ တင်သွင်းခဲ့သော အစိုးရ၏ အာမခံချက် များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီနှင့် စီမံ ကိန်းဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော် မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆွေး နွေးအတည်ပြုခဲ့ကြသည်။

 ဆက်လက်၍ နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးသည့် ကချင်ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ဦးစိုးသိန်း ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးတင်အောင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန် ကြီး၊ ဦးလီပေါ်ရဲ့ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးမရစ်ယောရှု ရဝမ်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးတို့၏ အမည်စာရင်းအား လွှတ်တော်သို့တင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

 ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်အား ခန့်အပ်တာဝန်ပေးအပ်ကြောင်း အမိန့်စာအားကြေညာပြီး ပြည်နယ်ဝန်ကြီးချုပ်က လွှတ် တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပြီး ကချင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ခင်လေးနွယ်တို့ကလည်း ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း အမိန့်စာအားကြေညာပြီး ပြည်နယ်ဝန်ကြီးများကလွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး၍လည်းကောင်း၊ ကချင်ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးများက လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် အသီး သီးလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လွှတ်တော်၌နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြား ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်၏ နှုတ်ခွန်းဆက်မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာပြီး တတိယအကြိမ် ကချင် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာ လအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များကို တင်ပြမှတ်တမ်းတင်ပြီး တတိယအကြိမ် ကချင် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ကြောင်းနှင့် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)