ကချင်ပြည်နယ်အတွင်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်အောင်ကျင်းပနိုင်‌‌ရေး ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ စိစစ်ရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်အောင်ကျင်းပနိုင်‌‌ရေး ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ စိစစ်ရွေးချယ်

 


မြစ်ကြီးနား ၊  ဧပြီ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတာ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များ၊ ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည့်အပြင် ရိုးရာအစဉ် အလာနှင့်အညီ ယိမ်းအကပြိုင်ပွဲများ ထည့်သွင်း ကျင်းပနိုင်ရေး ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီက ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား စိစစ်ရွေးချယ်ခဲ့ကြသည်။

ထိုသို့ ရွေးချယ်ရာတွင် ပြိုင်ပွဲဝင်ကြမည့် ယိမ်းအဖွဲ့အုပ်ချုပ်သူများအား ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ယိမ်းအကပြိုင်ပွဲအကဲဖြတ် ဒိုင်အဖွဲ့ဝင် (၁)ဒေါ်ခင်နွဲ့မှုမှ ပြိုင်ပွဲတွင် အမှတ် ပေးစည်းမျဉ်း/စည်းကမ်းများနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းခဲ့သည်။

ဆက်လက်၍ ယိမ်းအက ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု ဌာနဆိုင်ရာ ယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအကအဖွဲ့များကို ပြိုင်ပွဲဝင်ရမည့် နေ့ရက်အလိုက် ယှဉ်ပြိုင်နိုင်ရေးမဲနှိုက်ရွေးချယ်ခဲ့ကြပြီး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်နိုင်ရေးကော်မတီအဖွဲ့ဝင် ပြည်နယ်ဆင့်ဌာနဆိုင်ရာနှင့် ယိမ်းအဖွဲ့အုပ်ချုပ်သူများက ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်တွင် ဝန်ကြီးဌာနအလိုက် ကိုယ်စားပြုယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအဖွဲ့ (၁၃)ဖွဲ့က ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား၊ ကိုယ် ပိုင်တီးဝိုင်း/ ကိုယ်ပိုင်ဆိုင်းများဖြင့် လည်းကောင်း၊ CD တေးသီချင်းများဖြင့်လည်းကောင်း ဝင်ရောက် သတ်မှတ်ရက်အလိုက် သင်္ကြန်ကာလအတွင်း ယှဉ်ပြိုင်ကြမည်ဖြစ်‌‌ကြောင်းနှင့် ဆုရယိမ်းအဖွဲ့များအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)