ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

ထားဝယ်  ၊  မေ ၂၄

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးထိန်လင်းကျော်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေးဆိုင်ရာများနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းဆောင်ရွက် မည့်အစီအမံများအပေါ် တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက်တိုင်းဒေသကြီးဥပဒေချုပ်က ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာဖြန့်ဝေရန် ရည်ရွယ်ကျင်းပမည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၌ အသုံးပြု ဖြန့်ဝေမည့် ဥပဒေအသိပညာပေးလက်ကမ်းစာစောင်များအား ခရိုင် ဥပဒေအရာရှိများထံသို့ ပေးအပ်သည်။

အခမ်းအနားသို့ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းခရိုင်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)