ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်







သာယာဝတီ၊ မေ ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လင်း၏ ဥစားဘဲကောင်ရေ (၄၀၀၀) သဘာဝကွင်းစာဖြင့် အောင်မြင်စွာ မွေးမြူထားရှိမှုအား  ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တစ်ကွင်းတစ်ဆက်တည်း ရေဆင်းပေါ်ဆန်း(၁)  ၇၅ ဧက၊ ရေဆင်းပေါ်ဆန်း(၁) ၂၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မျိုးသန့်စင်စက်ဖြင့် တန်ဖိုးမြင့် ရေဆင်းပေါ်ဆန်းစပါးမျိုးများ ပြန်လည်သန့်စင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တန်းဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ မြို့နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  သာယာဝတီမြို့နယ်၊ အင်းရွာစိုက်ပျိုးရေးသင်တန်းကျောင်း၌ ရိုဘတ်စတာကော်ဖီ အပ်ငရေ(၅၀၀၀၀) ပျိုးထောင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီအတွင်း ကော်ဖီပျိုးပင်များ အားလုံး စိုက်ပျိုးသွားနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်း လယ်မြေ(၂၀၀)ဧကအား ရာသီမရွေးစိုက်ပျိုးနိုင်သည့် ရေတော်မိုးတော် လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် အစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက်ဖြင့်

ဦးတိက္ခိရေတံခါးအထက်ပိုင်း အရှည်ပေ(၀.၈၃)မိုင် ရိုးချောင်းတူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စု၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အိမ်တိုင်း စားဖိုဆောင်သီးနှံစိုက်ခင်း Home Garden များ ဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ပြီး ကျေးရွာသူ/သားများအတွက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)