မကွေးမြို့၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးမြို့၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲကျင်းပ


မကွေး  ၊ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမ များအား အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးသင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးပညာရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မကွေးခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းသူလေးများက “Top of the world” အင်္ဂလိပ်သီချင်း၊ “ပန်းကလေးများရဲ့ ဥယျာဉ်မှူး” သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၂ ရက်နေ့ထိ (၂၃)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၁၉၈)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)