မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပေါ်စေရန် ဦးဆောင်လှုံ့ဆော်ပြီး အမေရိကန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားသူ မင်းကိုနိုင်အား ပြည်ပြေး ဝရမ်းပြေးများ က စုပေါင်း၍ ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်လိုက်ကြောင်း သိရသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ တပ်မတော်နှင့် ပြည်သူများကြား အမုန်းပွားစေရန် ဦးဆောင်လှုံ့ဆော်သူများကို အမေရိကန်ရောက် ပြည်ပြေးများက နှစ်စဉ် ဂုဏ်ပြုဆုများ စီစဉ်ပေးအပ်လေ့ရှိသည်။
ယခုအခါတွင် အကြမ်းဖက်လှုပ်ရှားမှု ဦးဆောင်လှုံ့ဆော်သူ မင်းကိုနိုင်အား ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်လိုက်ခြင်းဖြစ်သည်။
မင်းကိုနိုင်သည် မြန်မာနိုင်ငံအတွင်း ရှိစဉ်က လူငယ်များလမ်းပေါ်ထွက်လာစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာချိန်တွင် နယ်စပ်ဒေသမှ ပြည်ပသို့ ထွက်ပြေးသွားသူဖြစ်သည်။ ပြည်ပသို့ ရောက်ရှိသွားပြီးနောက် နယ်စပ်ဒေသမှ ခိုးဝင်၍ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့လှုပ်ရှားနေသယောင်၊ အကြမ်းဖက်လှုပ်ရှားမှုတွင် သူကိုယ်တိုင်ပါဝင်နေသယောင် သူ၏ လူမှုကွန်ရက်စာမျက်နှာနှင့် ပြည်ဖျက်မီဒီယာများမှ ဖြန့်ဝေပေးခဲ့ကြသည်။
#MNP #News

No comments:
Post a Comment