ပခုက္ကူ၊ ဇွန် ၂၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီအချိန်က ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ပါတယ်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား ကျောင်းသူများအနေ ဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတပြည့်စုံစေရေး၊ ကျောင်း သင်ခန်းစာများအပြင် ပြင်ပစာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာတတ်ကြစေရန်၊ ဖတ်ရှုလေ့လာထားသော အသိပညာ ဗဟုသုတများကို အချင်းချင်းကြားအပြန်အလှန်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများမွေးမြူပေးခြင်းဖြင့် စကား ပြောစွမ်းရည်ကျွမ်းကျင်တတ်မြောက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်ခြင်းဖြင့် လူငယ်များအကြား ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှု၊ လက်ခံ ထားရှိမှုမရှိစေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်ထွေးမူက ဦးဆောင်ဆွေး နွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး သမိုင်းဌာနမှပထမနှစ်ကျောင်းသား မောင်ဝေမင်းခန့်၊ ဓာတုဗေဒဌာနမှ ပထမနှစ် ကျောင်းသား မောင်ဇွဲထက်အောင်၊ ရူပဗေဒပညာဌာနမှ ပထမနှစ်ကျောင်းသား မောင်မင်းသန့်နိုင်၊ သင်္ချာဌာနမှ စတုတ္ထနှစ်ကျောင်းသား မောင်အောင်ခိုင်မြင့်၊ ဥပဒေပညာဌာနမှ ပဉ္စမနှစ်ကျောင်းသား မောင်မိုးယံကိုကို၊ ဘူမိဗေဒဌာနမှ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား မောင်ကောင်းမြတ်ကျော်တို့က “လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက်ဆွေး နွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်းတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်၊ သင်ကြား/စီမံဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး စကားဝိုင်းဆွေးနွေးမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ပါမောက္ခ(ဌာနမှူး)နှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment