ဂန့်ဂေါ၊ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer LP 8.1 ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)နှင့် မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)တို့တွင် ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီးသည့် အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းသား၊ ကျောင်းသူ(၉၇)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ)မှ ကျောင်းသား၊ ကျောင်းသူ(၅၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၉)ဦးကို ကိုဗစ်ရောဂါ ကာကွယ်ဆေး Pfizer LP 8.1 ကို ထိုးနှံပေးခဲ့ပြီး ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News




No comments:
Post a Comment