ကျိုက်ထို၊ ဇွန် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရဲအမှုထမ်းဟောင်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဦးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းများအား ဆန်၊ဆီ၊ကြက်သွန်များကို ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းများ(ကိုယ်စား)ဘီးလင်းမြို့နယ်ရဲမှုထမ်းဟောင်း ရဲအုပ်အငြိမ်းစား တင်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလှဦးနှင့်တာဝန်ရှိသူများက ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့ရှိ ရဲမှုထမ်းဟောင်းများအားတစ်ဦးလျှင် ဆန်(၆)ပြည် အိတ် (၁) အိတ်၊ ဆီ(၅၀) ကျပ်သားဗူး(၁)ဗူး၊ ကြက်သွန်နီ (၁)ပိဿာ၊ တန်ဖိုးငွေ(၅၄၅၀ဝိ/-)ကျပ်နှုန်းဖြင့် ရဲမှုထမ်းဟောင်း(၃၁)ဦးအား စုစုပေါင်းတန်ဖိုး (၁၆၈၉၅၀ဝိ/-)ကျပ် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#MNP #News




No comments:
Post a Comment