ပခုက္ကူမြို့နယ်၌ Placement Test စာမေးပွဲ(နောက်ဆုံးနေ့) အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၌ Placement Test စာမေးပွဲ(နောက်ဆုံးနေ့) အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီး





ပခုက္ကူ၊ ဇွန် ၂၀ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ Placement Test(အထူးအစီအစဉ်)စာမေးပွဲကို ဇွန်လ၁၅ ရက်မှစတင်ကျင်းပရာ ဇွန်လ ၂၀ရက် စာမေးပွဲ(နောက်ဆုံးနေ့) သိပ္ပံဘာသာရပ်ကို ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ကျောင်းပြင်ပရောက်ရှိနေသောကလေးများအနေဖြင့် Placement Test(အထူးအစီအစဉ်)စာမေးပွဲဝင်ရောက်ဖြေဆို၍ အခြေခံပညာကျောင်းများ၌ ကျောင်းပြန်လည်တက် ရောက်ခွင့်ရရှိရေး အရည်အချင်းစစ်စာမေးပွဲကို ဇွန်လ၁၅ရက်မှစတင်ပြီး ပခုက္ကူမြို့ရှိ စာစစ်ဌာန ၂ခုတွင် ကျင်းပခဲ့ကြောင်း၊ ထိုသို့ကျင်းပရာ ဇွန်လ ၂၀ရက် (နောက်ဆုံးနေ့)တွင် Grade-6မှ Grade-8အထိ အလယ် တန်းအဆင့်  သိပ္ပံဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၆၀၃ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆို ပြီးစီးခဲ့ကြောင်း၊ Grade-1မှ Grade-5အထိ မူလတန်းအဆင့် နောက်ဆုံးနေ့အဖြစ် ဇွန်လ ၁၉ရက်တွင် လူမှုရေးဘာသာရပ်ကျင်းပရာ ကျောင်းသား ကျောင်းသူ ၈၁၈ဦး ဝင်ရောက်ဖြေဆိုပြီးစီးခဲ့ကြောင်း၊ စာမေးပွဲ အောင်စာရင်းကို ဇူလိုင်လ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံ က သိရသည်။

အဆိုပါစာမေးပွဲကျင်းပနေမှုအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)