ဟဲဟိုးမြို့တွင် တန် ၂၀၀၀ ဆံ့ မျိုးအာလူးအအေးခန်း သိုလှောင်ရုံဖွင့်လှစ်ထားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟဲဟိုးမြို့တွင် တန် ၂၀၀၀ ဆံ့ မျိုးအာလူးအအေးခန်း သိုလှောင်ရုံဖွင့်လှစ်ထားပြီ


ဟဲဟိုး၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ယမန်နေ့က ကလောခရိုင်ဟဲဟိုးမြို့ရှိ  H & J Success COMPANY LIMITED ၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဟဲဟိုးအာလူးအစုအဖွဲ့၏ တန် ၂၀၀၀ ဆံ့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ  ဖွင့်လှစ်နိုင်သည့်အတွက် ဒေသအတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အာလူးစိုက်တောင်သူများအား တွေ့ဆုံနှုတ်ဆက်ပြီး မျိုးအာလူး အအေးခန်းသိုလှောင်ရုံနှင့် Work Shop တို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။   


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)