နေပြည်တော်၊ ဇူလိုင် ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ Yathar Cho Industry Co., Ltd. နှင့် Cho Cho Industry Ltd. တို့၏ အသင့်စားခေါက်ဆွဲခြောက်မျိုးစုံနှင့် ခေါက်ဆွဲခြောက်များ ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် နိုင်ငံတကာဈေးကွက်တွင် ကောင်းစွာ ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်စံနှုန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရန်၊ ဈေးကွက်ဝင်ရောက်ရန် လိုအပ်သည့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ စုံလင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာရှိ Myanmar Ixora Company ၏ ဖိနပ်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံ၌ ဖိနပ်အမျိုးမျိုးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဂျပန်နိုင်ငံဈေးကွက်သာမက အခြားနိုင်ငံဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို ယခုထက် ပိုမိုအစားထိုး အသုံးပြုရန်နှင့် ပို့ကုန်နှစ်ဆတိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment