အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ ရုရှားနဲ့ မိုဇမ်ဘစ်အစိုးရတို့ပူးပေါင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ ရုရှားနဲ့ မိုဇမ်ဘစ်အစိုးရတို့ပူးပေါင်း


ဇူလိုင် - ၁၃ ( တနင်္လာနေ့ ) 

မိုဇမ်ဘစ်နိုင်ငံ အတွင်းက အကြမ်းဖက်မှုအန္တရာယ်ကို တိုက်ဖျက်ရာမှာ ကူညီပေးဖို့ မော်စကို (ရုရှားအစိုးရ) အနေနဲ့ အဆင်သင့်ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မိုဇမ်ဘစ်မြို့တော် မာပူတို  မှာ သမ္မတ ဒန်နီရယ် ချာပို  နဲ့ ဆွေးနွေးမှုအပြီးမှာ လက်ဗရော့ဗ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရဲ့ “ဦးစားပေးလုပ်ငန်းစဉ်တွေ” ထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ လက်ဗရော့ဗ်က “မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းမှာ ရှိနေဆဲဖြစ်တဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ဖယ်ရှားရှင်းလင်းပစ်ဖို့အတွက် ကျနော်တို့ ပံ့ပိုးပေးနိုင်မယ့် ကူညီမှုတွေနဲ့ပတ်သက်ပြီး မိုဇမ်ဘစ်မိတ်ဆွေတွေဘက်က တောင်းဆိုလာတာမှန်သမျှကို အပြုသဘောနဲ့ တုံ့ပြန်ကူညီပေးဖို့ ရုရှားနိုင်ငံအနေနဲ့ အဆင်သင့်ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ဗရော့ဗ်နဲ့ သမ္မတ ချာပိုတို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကို တိုးချဲ့လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခုလာမယ့် ဆောင်းဦးရာသီမှာ ကျင်းပဖို့ လျာထားတဲ့ "ရုရှား-မိုဇမ်ဘစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရအချင်းချင်း ကော်မရှင်" ရဲ့ နောက်ထပ်အစည်းအဝေး မတိုင်မီမှာပဲ၊ ပူးတွဲစီမံကိန်းတွေအတွက် အဆိုပြုချက်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်က သမ္မတ ချာပိုအနေနဲ့ အခုလာမယ့် ဆောင်းဦးရာသီမှာ မော်စကိုမြို့၌ ကျင်းပဖို့ရှိတဲ့ "ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေး" ကို တက်ရောက်ဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ကြာသပတေးနေ့ နောက်ပိုင်းမှာပဲ လက်ဗရော့ဗ်ဟာ မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး မာရီယာ လူကပ်စ် နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဝန်ကြီး လူကပ်စ်က ရုရှားရဲ့ ကူညီပံ့ပိုးပေးမှုအပေါ် ကြိုဆိုခဲ့ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မော်စကိုဘက်က ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ သမ္မတ ပူတင်ရဲ့ ညွှန်ကြားချက်အရ ပေးပို့ခဲ့တဲ့ အဲဒီအကူအညီတွေထဲမှာ အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနရဲ့ Il-76 ကုန်တင်လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ ရိက္ခာတန်ချိန် ၂၉ တန်၊ ကယ်ဆယ်ရေးတဲတွေ၊ စောင်တွေနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)