ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများကွယ်နေသည့် သစ်ပင်ကြီးများအား ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများကွယ်နေသည့် သစ်ပင်ကြီးများအား ရှင်းလင်း





ညောင်ဦး၊ ဇူလိုင် ၂၄

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့်ရှေးဟောင်း သာသနိကအဆောက်အအုံများကွယ်နေသည့် သစ်ပင်များ ကိုင်းများဖြတ်တောက်ရှင်းလင်းခြင်း၊ ပေါင်းမြက်၊ ခြုံနွယ်များရှင်းလင်းလုပ်ဆောင်နေသည့် နေရာများကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၄ ရက်နံနက် ၁၀ နာရီက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ရှေးဟောင်း စေတီ၊ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ မြင်ကွင်းကျယ်ကြည့်ရှုနိုင်ရန် ကန္တာရပင်ရှင်းလင်းခြင်းနှင့်ပေါင်းမြက်၊ ခြုံနွယ်များ၊ သစ်ပင်ကြီးများ ကိုင်းတက်ခုတ်အလင်းဖွင့်ခြင်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဘုရားဖူးခရီးသွားများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး မြင်းပြဂူဘုရား၊ နွားပြဂူဘုရား၊ မီးငြိမ်းကုန်းဘုရား၊ မီးမလောင်ကျောင်းပတ်ဝန်းကျင်၊ မင်္ဂလာစေတီ၊ မဟာဂူကြီးဘုရားပတ်ဝန်းကျင်၊ ရှင်ရဲတစ်ထောင်အုတ်ကျောင်းတိုက်၊ မြင်းကပါဂူပြောက်ငယ်၊ တာမဏီသိမ်ကျောင်းမှ ရွှေဆံတော်ဘုရားသွားလမ်းတစ်လျှောက်ရှိ ကန္တာရတို့အား ရှေးဟောင်း သုနေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ဝန်ထမ်းများနှင့် မြို့နယ်စက်မှုလယ်ယာ ဝန်ထမ်းများ ကန္တာရပင်ရှင်းလင်းနေမှု၊ ရေသောက်မြစ်ငုတ်များ တူးဖော်ရှင်းလင်းနေမှု၊ ပေါင်းမြက်ခြုံနွယ်များ ရှင်းလင်းနေမှုနှင့် ညောင်ဦး-ပုဂံမြို့သစ်သွား ကားလမ်းမကြီးဘေး သစ္စာဝတီဘုရား ပတ်ဝန်းကျင်ရှိ ကန္တာရပင်များရှင်းလင်းနိုင်ရေးတို့အား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ ဝင်များ၊ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများစည်ပင်သာယာရေးအဖွဲ့၊ ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ကန္တာရပင်များရှင်းလင်းမှုနှင့် ရှေးဟောင်းအဆောက်အအုံများကွယ်နေသည့် သစ်ပင်များ ကိုင်းခုတ်ရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင်လုံး ပုဂံဒေသရောက်ရှိသူတိုင်း ရောက်ရှိသည့် နေရာမှ ဘုရား၊ စေတီ၊ ပုထိုးများ မြင်းကွင်းကျယ်မြင်နိုင်စေရန် ကန္တာရပင်များရှင်းလင်းလျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်ပြုလှူဒါန်းလိုပါက ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့် 06751306701877701 BAGAN REGION Clean & PLEASANT U San HTwe Maung ၊ ‌Aye Mya Mon၊ U Ye Su Paing ဖြင့်ဖွင့်လှစ်ထားသည့်အကောင့်သို့ပါ ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


ဒီပါလင်း

#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)