အိန္ဒိယ - မြန်မာ ပေါင်းပြီး မြေရှားသတ္တု ထုတ်တော့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ - မြန်မာ ပေါင်းပြီး မြေရှားသတ္တု ထုတ်တော့မယ်


ဇူလိုင် - ၂၄ ( သောကြာနေ့ ) 

မြေရှားသတ္တု ထုတ်လုပ်မှုကို အဓိက စိစစ်စိုးမိုးထားတဲ့ တရုတ်နိုင်ငံပေါ် မှီခိုနေရမှုကို လျှော့ချဖို့နဲ့ နည်းဗျူဟာမြောက် သတ္တုပစ္စည်းတွေ ရရှိနိုင်မယ့် လမ်းကြောင်းတွေကို တိုးချဲ့ဖို့အတွက် အိန္ဒိယနဲ့ မြန်မာတို့ဟာ မြေရှားသတ္တု ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း သတ္တုတူးဖော်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ သိသိသာသာ တိုးတက်အားကောင်းလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး သာကာ က ဒီအပတ်မှာ ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ သတ္တုတူးဖော်ရေးနှင့် သတ္တုတွင်းထွက်ပစ္စည်းများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီသတ္တုပစ္စည်းတွေကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး၊ လျှပ်စစ်ကားများ၊ စွမ်းအင်သိုလှောင်စနစ်များ၊ အဆင့်မြင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးနဲ့ အခြားစက်မှုကဏ္ဍတွေအတွက် အဓိကအစိတ်ပိုင်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တာပါ။ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု စုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ သတ္တုတွင်းတွေကနေ တူးဖော်ရရှိတာဖြစ်ပြီး အဲ့ဒါတွေကို သံလိုက်တွေအဖြစ် အချောကိုင် ထုတ်လုပ်ဖို့ တရုတ်နိုင်ငံဆီ တင်ပို့နေရတာ ဖြစ်ပါတယ်။

သံအမတ်ကြီးက "အခုလို သစ်လွင်ဆန်းသစ်လာတဲ့ အခြေအနေမှာ အိန္ဒိယနဲ့ မြန်မာတို့ဟာ ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြေရှား နဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းကတစ်ကြိမ်၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတစ်ကြိမ် မြန်မာနိုင်ငံဆီ လာရောက်လေ့လာခဲ့ကြပါတယ်။ 

နိုင်ငံပိုင် သတ္တုတူးဖော်ရေးလုပ်ငန်း IREL နဲ့ ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့ဟာ မြန်မာနိုင်ငံရှိ သတ္တုတွင်းများကနေ နမူနာပစ္စည်းတွေ စုဆောင်းယူဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)