ဟူသီတွေက ပင်လယ်နီထဲက ဆော်ဒီရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟူသီတွေက ပင်လယ်နီထဲက ဆော်ဒီရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ပြီ


ဇူလိုင် - ၂၄ ( သောကြာနေ့ ) 

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေးဗီးယားနိုင်ငံ အပေါ် ရေကြောင်းပိတ်ဆို့မှု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် ပင်လယ်နီအတွင်းမှာ ရှိတဲ့ ဆော်ဒီ ရေနံတင်သင်္ဘော နှစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရာယာဆာရီး က ဗုဒ္ဓဟူးနေ့မှာ ပြောကြားရာမှာတော့ ဆော်ဒီအလံ စိုက်ထူထားတဲ့ အန်ဆီးလီးယား နဲ့ လေလာ ဆိုတဲ့ သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တနင်္လာနေ့မှာ ရေကြောင်းပိတ်ဆို့မှုကို တရားဝင် စတင်ခဲ့ပြီးကတည်းက သင်္ဘော ၁၀ စီးခန့်ဟာ သူတို့သွားမယ့် လမ်းကြောင်းတွေကို ပြောင်းလဲခဲ့ကြတယ်လို့လည်း သူက ထပ်လောင်း ပြောခဲ့ပါတယ်။

ဗြိတိန် ရေကြောင်းကုန်သွယ်မှု စိစစ်ရေးစခန်း (UKMTO) ရဲ့ အဆိုအရ ဆော်ဒီအာရေးဗီးယားနိုင်ငံ အယ်လ်ရူကစ် နဲ့ ကီလိုမီတာ ၁၃၀ အကွာမှာ သင်္ဘောတစ်စီးဟာ အမည်မသိ ပစ်ခတ်မှုတစ်ခုကြောင့် မီးလောင်ကျွမ်းခဲ့တယ်လို့ သတင်းပို့ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုအကြီးအကျယ် ဖြစ်ပွားနေတာကို တွေ့မြင်ရပါတယ်။

နောက်ပိုင်းမှာ ဆော်ဒီသတင်းအေဂျင်စီ (SPA) က နိုင်ငံရဲ့ ပို့ဆောင်ရေး အထွေထွေအာဏာပိုင်အဖွဲ့က သတင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး အန်ဆီးလီးယား သင်္ဘောဟာ တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းခဲ့တာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ သင်္ဘောပေါ်ပါ အဖွဲ့သားတွေအားလုံး ဘေးကင်းကြတယ်လို့လည်း အဆိုပါ သတင်းမြစ်က ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာတော့ ဆာရီး က သူတို့အဖွဲ့အနေနဲ့ "ပိတ်ဆို့မှုကို ပိတ်ဆို့မှုနဲ့ တုံ့ပြန်ခြင်း"လို့ ဖော်ပြတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြုလုပ်မှုကို ဆော်ဒီဘက်ကတော့ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ယူဆထားပါတယ်။

ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရ သစ္စာခံတပ်တွေက အီရန်ကနေ ဟူသီကိုယ်စားလှယ်အဖွဲ့ ပါလာတဲ့ အီရန်လေယာဉ် ဆင်းသက်တာကို တားဆီးဖို့ ဆန်နား နိုင်ငံတကာလေဆိပ် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အကြာမှာ ဟူသီတွေက အခုလို ပိတ်ဆို့မှုကို စတင်လုပ်ဆောင်ခဲ့တာပါ။ ဒီအဖွဲ့ဟာ ဂါဇာစစ်ပွဲ စတင်ချိန်ကတည်းက အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလမှာတော့ အမေရိကန်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြပါတယ်။


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)