ရန်ကုန်၊ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်း ခရိုင် ၊ မရမ်းကုန်းမြို့နယ်၌ အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မရမ်းကုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း နှင့် Biometric UID ဇီဝအချက် အလက် ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူ စုစုပေါင်း ၂၂၆ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများကို နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးကာ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်တို့မှ လာရောက် အားပေးကြည့်ရှုခဲ့ပြီး မရမ်းကုန်းမြို့နယ်ဦးစီးမှူး ဦးသန့်ဇင်က လုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသပြီး တာ၀န်ရှိသူများကကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
#News #MNP





No comments:
Post a Comment