အီရန်ကိုမတိုက်ဖို့ အောက်လွှတ်တော်ရဲ့ အဆိုကို အထက်လွှတ်တော်က ပယ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကိုမတိုက်ဖို့ အောက်လွှတ်တော်ရဲ့ အဆိုကို အထက်လွှတ်တော်က ပယ်ချ


ဇူလိုင် - ၂၄ ( သောကြာနေ့ ) 

အမေရိကန် လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်ကို စစ်မတိုက်နိုင်အောင် တားမြစ်မယ့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော် က ပယ်ချလိုက်ပါတယ်။ အလားတူ ဆုံးဖြတ်ချက်တစ်ခုကိုတော့ အောက်လွှတ်တော် က နာရီပိုင်းအလိုမှာပဲ အတည်ပြုပေးခဲ့တာပါ။

ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် မဲခွဲပွဲမှာတော့ ဒီဆုံးဖြတ်ချက်ကို ၄၉ မဲ-၄၇ မဲနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန် ဖက်တာမန်း က ရီပလစ်ကန်ဘက်က အမတ်တွေနဲ့ ပူးပေါင်းပြီး ကန့်ကွက်မဲ ပေးခဲ့သလို၊ ရီပလစ်ကန် အထက်လွှတ်တော်အမတ် ဆူဆန် ကော်လင်း ကတော့ ဒီအဆိုပြုချက်ကို ထောက်ခံမဲ ပေးခဲ့ပါတယ်။

ထရမ့်ရဲ့ စစ်မက်ခင်းပိုင်ခွင့်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့ အရင်အဆိုပြုချက်တွေကို ထောက်ခံခဲ့ကြတဲ့ ရီပလစ်ကန် အထက်လွှတ်တော်အမတ် ရန်းပေါ်လ် နဲ့ လီဆာ မာကော်စကီးတို့ကတော့ မဲခွဲပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ "အီရန်စစ်ပွဲဟာ အောင်မြင်မှု မရှိခဲ့ပါဘူး၊ ဘယ်လိုပဲ အမှန်အတိုင်း တိုင်းတာကြည့်ကြည့် စစ်မဖြစ်ခင်တုန်းကထက် အခြေအနေတွေ ပိုဆိုးသွားတယ်လို့ပဲ ကျနော် ထင်ပါတယ်" လို့ ဆီနိတ်တာ ရန်းပေါ်လ်  က  သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အလားတူ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို အောက်လွှတ်တော်က ကြာသပတေးနေ့ စောစောပိုင်းမှာ အတည်ပြုခဲ့ပြီး၊ ရီပလစ်ကန် အမတ် ၄ ဦးက ပါတီရဲ့ သဘောထားနဲ့ ကွဲလွဲပြီး ထောက်ခံမဲ ပေးခဲ့တာကြောင့် ၂၁၄ မဲ-၂၀၈ မဲနဲ့ ကိန်းဂဏန်း ကပ်ပြီး အနိုင်ရသွားခဲ့တာပါ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ရမယ့် အာဏာမရှိသလို၊ အဆိုပြုသူ အောက်လွှတ်တော်အမတ် ပရာမီလာ ဂျေယာပေါ ကလည်း ဒါကို "ကိုယ်ကျင့်တရားနှင့် အသိစိတ်ဓာတ်အရ ဆန္ဒဖော်ထုတ်သည့် မဲပေးမှု" အဖြစ် တင်စားပြောဆိုခဲ့ပါတယ်။

ဒီလဆန်းပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပြီးတဲ့နောက်၊ လွန်ခဲ့တဲ့ ၁၂ ရက်အတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ အီရန်အထွဋ်အမြတ်ခေါင်းဆောင် အလီခါမေနီ ရဲ့ ဈာပနကာလအတွင်း အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး (UAE) စတဲ့ ပင်လယ်ကွေ့နိုင်ငံအများအပြားနဲ့ ဂျော်ဒန်နိုင်ငံတို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားပြီး အီရန်က တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)