ဇူလိုင် - ၂၁ ( အင်္ဂါနေ့ )
ဂျော်ဒန်နိုင်ငံမှာ စခန်းချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ လေယာဉ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ “တိကျတဲ့ သတင်းအချက်အလက်တွေ” ကူညီပေးခဲ့မှုအတွက် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဂျော်ဒန်ပြည်သူတွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က Tasnim သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှု နောက်ဆုံးအကျော့အတွင်း ဂျော်ဒန်တောင်ပိုင်း အာကာဘာလေဆိပ်မှာရှိတဲ့ အမေရိကန် C-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ P-8 ကွပ်ကဲရေး လေယာဉ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ IRGC က အခိုင်အမာ ပြောဆိုထားပါတယ်။ အဲဒီထုတ်ပြန်ချက်အရ လေယာဉ်အများအပြားလည်း “ပြင်းထန်စွာ ပျက်စီးသွားခဲ့တယ်” လို့ သိရပါတယ်။
အစောပိုင်း တိုက်ခိုက်မှုတစ်ခုတုန်းကလည်း အယ်လ်အဇရက် ဧရိယာမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ စခန်းချရာ လေယာဉ်ရုံ ၂၀ ကို တိုက်ခိုက်ရာမှာ ဂျော်ဒန်ဘက်က သတင်းပေးသူတွေ ကူညီခဲ့တာဖြစ်တယ်လို့ IRGC က ဆိုပါတယ်။ အဲဒီစခန်းတွေ ပျက်စီးသွားခဲ့ပြီး အမေရိကန် စစ်သည် အမြောက်အမြား သေဆုံးခဲ့ရတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာကြောင့် ဝါရှင်တန်ရဲ့ ဒေသတွင်း အနီးကပ်ဆုံး မဟာမိတ်တွေထဲက တစ်ခုဖြစ်တဲ့ ဂျော်ဒန်နိုင်ငံတောင် အမေရိကန်အတွက် လုံခြုံမှုရှိတဲ့ နောက်တန်းစခန်း တစ်ခု မဟုတ်တော့ဘူးဆိုတာကို ပြသနေပါတယ်။
အမေရိကန် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အီရန်တပ်ဖွဲ့တွေဘက်က တိတိကျကျ စုံစမ်းဖော်ထုတ်နိုင်ဖို့ “လှိုက်လှိုက်လှဲလှဲ ပူးပေါင်းကူညီပေးခဲ့ပြီး တိကျတဲ့ သတင်းအချက်အလက်တွေ” ပေးခဲ့တဲ့အတွက် “ဂုဏ်သိက္ခာရှိတဲ့ ဂျော်ဒန်ပြည်သူတွေနဲ့ ရဲရင့်တဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို” ကျေးဇူးတင်ရှိကြောင်း IRGC က ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်ရဲ့ အဆုံးသတ်မှာတော့ အမေရိကန်တပ်ဖွဲ့တွေဟာ မူဆလင်နိုင်ငံ ၁၀ နိုင်ငံထက်မကကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး လူပေါင်းသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ၊ ဂါဇာနဲ့ အနောက်ဖက်ကမ်းဒေသကို တို့မှာ ပြုလုပ်နေတဲ့ “ဇီယွန်ဝါဒီ”အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ကူညီပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပြီး၊ အမေရိကန် စစ်သည်တွေကို တွေ့တဲ့နေရာတိုင်းမှာ သတ်ဖြတ်ကြဖို့ မူဆလင်တွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment