ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျတာဝန်ပေးထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျတာဝန်ပေးထား


လွိုင်ကော်၊ ဩဂုတ် ၁၉

ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၆) ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ နေရပ်ပြန်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများပြန်လည်ဝင်ရောက်မှုအခြေအနေများ၊ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်နိုင်မှုအခြေအနေနှင့် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြရန် စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရန် ကျန်အခြေအနေများ၊ ဝန်ထမ်းများရောက်ရှိတာဝန်ထမ်းဆောင်နေမှုများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများနှင့် ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းနှင့်လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဝန်ကြီးဌာနအလိုက် လုပ်ငန်းများအား  တွန်းအားပေး ကြီးကြပ်ဆောင်ရွက်နေမှုများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)