မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်မှစတင်ကာ မြေသားအိကျ၍ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုသို့ မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက်ပန်းမရပ်၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့် ဘော်မားကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်း၊ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းများ ယာယီပိတ်ထားခဲ့ရသည်။

အဆိုပါ နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်နေသည့်အတွက် Loader ယာဉ်များဖြင့် မော်တော်ယာဉ်များ ယာယီဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ္တရာမြို့နယ်ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီး ရေလှောင်တမံ၌ ရေဝင်ရောက်မှုများပြားကာ ဆည်ရေပြည့် ရေလှောင်ပမာဏထက် ကျော်လွန်လာသဖြင့် ရေလှောင်တမံအနီးရှိကျေးရွာများနှင့် ဒေသအခေါ် တံငါတံတား(ကျောက် စရစ်ကုန်းတံတား)အား ထိခိုက်မှုမရှိစေရေး ဩဂုတ် ၇ ရက်တွင် ပိုလျှံရေများကို အကျယ်ပေ ၄၀၊ အမြင့် ၃၅ ပေရှိ ရေပိုလွှဲတံခါးကြီး ၇ ခုမှ တံခါးတစ်ခုလျှင် ပျမ်းမျှ ၂ ပေခန့် ဖွင့်ဖောက်၍ ရေထိန်းညှိ လျှော့ချခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာအနီး မန္တလေး- သပိတ်ကျင်း-မိုးကုတ်သွား ကားလမ်းမပေါ် ရေကျော်စီးဆင်းမှု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကျော်စီးဆင်းမှုများကြောင့် မတ္တရာမြို့နယ်အထက် တောင်ကိုင်းကျေးရွာအတွင်းရှိ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ ဝေငှပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)