MNP - မတ် ၁၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယခုလ ၇ရက်နေ့မှ ၁၁ ရက်နေ့အထိဖွင့်လှစ်ခဲ့သည့် "ဝန်ထမ်းများ လုပ်ငန်းတာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး မွမ်းမံသင်တန်း"၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာ စကားပြောကြားပြီး ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးလွင်တို့က မွမ်းမံသင်တန်းပို့ချပေးခဲ့သော ပါမောက္ခ (ဌာနမှူး)ဆရာမကြီးများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အဆင့်မြင့်ပညာဦးစီးဌာန၏ လမ်းညွှန်ချက်အရ တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ရာထူးတာဝန် ပေးအပ်ခြင်းအပြင် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် သင်တန်း၌ ပြည်တက္ကသိုလ်မှ ဌာနအလိုက် ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ၅ဦးက ယင်းတက္ကသိုလ်တွင် တစ်ဆင့်မြင့်ရာထူးတိုး တာဝန် ထမ်းဆောင်မည့် သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်းစုစုပေါင်း ၄၀ ဦးအား "သာယာလှပနေ့စဉ်ဘဝ၊ (Mindfulness and Emotional Management)၊ (Understand Life and the universe as a whole)၊ ( Job Satisfaction) နှင့် (Human Relations)" အစရှိသည့်ခေါင်းစဉ်များဖြင့် ဝန်ထမ်းများလုပ်ငန်းတာဝန် ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်း အရာများကို သင်တန်းကာလ ၅ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment