မယ်စဲ့မြို့နယ်တွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်



MNP - မတ်   ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူငယ်များအဖွဲ့ (Youth Club) တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က အမျိုးသမီးငယ်များအနေဖြင့် မိမိတို့ရပ်ရွာအတွင်း ပြုလုပ်သည့် အခမ်းအနားများတွင် တာဝန် ပေးအပ်လာပါက အစီအစဉ်တကျ ဦးဆောင်ကျင်းပနိုင်စေရန် ရည်ရွယ်၍ အခမ်းအနားမှူး သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းကို Youth Club အဖွဲ့ဝင် အမျိုးသမီးငယ် ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းများ၊ ဝတ်စားဆင်ယင်ပုံ၊ အသံပိုင်းဆိုင်ရာနှင့် အခမ်းအနားမှူးတစ်ယောက် ကျွမ်းကျင်တတ်မြောက်ရမည့်အချက်တို့ကို တစ်ရက်ကြာ ရက်တင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သတင္း - ဝတ်ရည်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)