MNP - မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးမြင့်သိန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ရရှိလာစေရန်၊ အစုအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးချစ်လွင်ထွေးက “တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်” ခေါင်းစဉ်မှ မိမိကိုယ်ကို လေးစားသူ၊ မိမိဘဝကိုတန်ဖိုးထားသူဆိုလျှင်ကား မိမိ၏ တစ်ခုတည်းသော ဘဝကို အကြီးအကျယ်အခမ်းအနားဆုံး အပီပြင် အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတည်ဆောက် ရပေမည်။ တည်ဆောက်မည်ဟူသော ခိုင်မာပြတ်သားသည့်စိတ်ဇွဲ၊ အခက်အခဲကို ရင်ဆိုင်ရဲ သည့်သတ္တိ၊ မိမိဘာသာ ချမှတ်ထားသည့် လမ်းကြောင်းမှ ယိမ်းယိုင်သွေဖယ်မသွားရအောင် ထိန်းညှိနိုင်သည့် သမာဓိအရည်အသွေးများ ပြည့်ဝရန်လိုအပ်ကြောင်းကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များက အဆိုပါ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ဖြင့် အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment