MNP ၊ မတ် ၁၂
NLD အစွန်းရောက် အကြမ်းဖက် လှုပ်ရှားသူများ၏ အချက်အလက်များကို ဖော်ထုတ်တင်ပြနေသော ဟန်ငြိမ်းဦး၏ ဖော်ထုတ်တင်ပြချက်အရ NLD အစွန်းရောက်လှုံ့ဆော်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် လွှတ်တော်အမတ်ဟောင်း နွယ်နွယ်ဝင်း၏ နေအိမ်ခန်းအား ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ဝင်း၏ အချက်အလက်များကို ယမန်နေ့က ဖော်ထုတ်တင်ပြခဲ့ပြီး ယနေ့ ချိတ်ပိတ်သိမ်းဆည်းပေးခဲ့သည့်အပေါ် ဟန်ငြိမ်းဦးက "PDF အကြမ်းဖက်လက်နက်ကိုင်၊ NLD လွှတ်တော်ကိုယ်စားလှယ်အမတ်ပြုတ် နွယ်နွယ်ဝင်း ပိုင်ဆိုင်တဲ့ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်းပြီးပါကြောင်း၊ သတင်းကောင်းပါးလိုက်ပါတယ်။ အရီးဒေါ်ပုံကျရှုးပါမည်" ဟု ရေးသားဖော်ပြထားသည်။
NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများမှာ ထွက်ပြေးတိမ်းရှောင်ရင်းမှ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်နေကြခြင်းဖြစ်ပြီး ဟန်ငြိမ်းဦး၏ Telegram Channel မှ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်လှုပ်ရှားသူများ၏ အချက်အလက်များကို ဖော်ထုတ်တင်ပြမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ရာ NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူများကို အားပေးထောက်ခံသည့် အဆဲသန်သူများ၏ ဝိုင်းဝန်းဆဲဆိုစော်ကားမှုများကို ရင်ဆိုင်ပြီး ဖော်ထုတ်တင်ပြနေသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment