MNP - မတ် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၇၀ သန်းဖြင့် တည်ဆောက်လျက်ရှိသော အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်းရှိ RC နှစ်ထပ်စာသင်ကျောင်းဆောင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံကသိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်မှာ (၁၅၀)ပေ၊ (၃၀)ပေ RCနှစ်ထပ် စာသင်ကျောင်းဆောင် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၆.၃၅၅သန်းဖြင့် တင်ဒါအောင်မြင်သော ရှမ်းပြည်အလှ ကုမ္ပဏီလီမီတက်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကာ ပညာရေးဌာနသို့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချယ်ရီဆောင် စာသင်ကျောင်းဆောင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် နမ္မတူမြို့နယ် အတွင်းရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားကြမည့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများ စိတ်အေးချမ်းမြေ့စွာ ပညာ သင်ကြားနိုင်မည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment