MNP - မတ် ၁၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ကျေးရွာများ ကွင်းဆင်း၍ အသက် ၁၈နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်၉နာရီက ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကာကွယ်ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမားရေးဌာနများ သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးသော နေရာများသို့ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် လာရောက်၍ ကာကွယ်ဆေးထိုးနှံခြင်း မပြုလုပ်ရသူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပင်မဆေးထိုးစုရပ်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအထိ ကွင်းဆင်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးရန် စာရင်းရှိ (၈၁၇၃၇) ဦးရှိပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၉၂၄၈)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၇၉၆)ဦး ရှိပြီး အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံမှုပြီးစီးရန် ဆေးထိုးရန် ကျန်ရှိသူများနှင့်၊ ကာကွယ်ဆေးထိုးမည့်သူများကို ပင်မဆေးထိုးစုရပ်များအပြင် ရပ်ကွက် /ကျေးရွာ အုပ်စုများအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြောကြား သိရှိရသည်။
သတင်း - စိုးလင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment