MNP - မတ် ၁၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ များ၏ သစ်တောလယ်ယာမြေနှင့်သီးနှံ ဧရိယာ(၄.၂၃)ဧကအတွက် လျော် ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်က အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်လမ်းဦးစီးဌာနရုံ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က မာရဝိဇယ ဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး အဝင် လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများ၏ သစ်တောလယ်ယာ မြေဧရိယာ (၄.၂၃)ဧက အတွက် မြေယာနှင့် သီးနှံ လျော်ကြေးပေးလျော်မည့်အခြေအနေအား ရှင်းလင် ပြောကြားသည်။
ယင်းနောက် ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်က တောင်သူ ဦးစိုးမင်းလွင်အား လည်းကောင်း၊ နေပြည်တော် လမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က တောင်သူ ဦးကြည်လှိုင်နှင့် တောင်သူ ဦးလှ အားလည်းကောင်း၊ ဒက္ခိဏခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဇီဇဝါဘက တောင်သူ ဒေါ်အေးခင် အားလည်းကောင်း၊ ဒက္ခိဏသီရိမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးက တောင်သူ ဒေါ်ကြည်ညွန့်အား လည်းကောင်း သစ်တော လယ်ယာမြေနှင့် သီးနှံလျော်ကြေးငွေများကို အသီးသီးပေးအပ်ကြသည်။
ယနေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ များ၏ သစ်တောလယ်ယာ မြေနှင့်သီးနှံ ဧရိယာ(၄.၂၃)ဧကအတွက် လျော်ကြေးငွေကျပ် (၁၀၉၉၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သတင်း - ထွန်းထွန်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment