MNP - မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ စိုက်ပျိုးရေး အသိပညာများ ပိုကျယ်ပြန့်စွာ သိရှိနာလည်နိုင်စေရန်အတွက် ကွင်းဆင်း အသိပညာပေး ဆွေးနွေးမှုများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အသိပညာပေးရာတွင် နွေစပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေး ပညာပေး ဆွေးနွေးခြင်း၊ သီးနှံများ အထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးစေရေး အသိပညာပေးခြင်းနှင့် ဟင်းသီးဟင်းရွက် GAP စိုက်ပျိုးထုတ်လုပ်မှု အသိပညာပေးခြင်း များကို တစ်လလျှင်(၄)ကြိမ်ခန့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် မီနီဘဂျက်အတွင်း စိုက်ပျိုးရေးနည်း ပညာပေးစခန်း (CLC)တွင် (၈) ကြိမ်နှင့် ကျေးရွာ အုပ်စုများတွင် (၂၄) ကြိမ် စုစုပေါင်း (၃၂) ကြိမ်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း နောက်လများတွင်လည်း အရှိန်အဟုန်မပြတ် ပုံမှန်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment