နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ သတင်းအမှား/အမှန် ခွဲခြားသုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ညနေ(၄)နာရီက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသိန်းလှမောင်က ဆိုရှယ်မီဒီယာအားကောင်းနေသော ခေတ်ရေစီးတွင် သတင်းအမှား/အမှန်ကို ခွဲခြားတတ်ရန် လိုအပ်ကြောင်း၊ သတင်းအမှားများကို ယုံကြည်၍ အတွေးအခေါ် မှားယွင်းခြင်း အလုပ်အကိုင်များ မှားယွင်းမှုမရှိစေရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်မှ အားကိုးအားထားရသော ခေါင်းဆောင်များ ဖြစ်လာစေရန်အတွက် မူးယစ်ဆေးဝါး သုံးစွဲခြင်း လက်တည့်စမ်းသုံးစွဲခြင်း မရှိစေရေး ရှောင်ရှားရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားလာစေရေးအတွက် မူးယစ်ဆေးဝါးကို အစပြု မသုံးစွဲမိကြရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောသည်။
အဆိုပါ ဟောပြောပွဲကို မဟုတ်မမှန်ဝါဒ ဖြန့်ချိနေသော သတင်းများအား ယုံကြည်မှုမရှိစေရန်၊ သတင်းအတုများကို ရှောင်ကြဉ်တတ်လာစေရန်၊ မူးယစ်ဆေးဝါး ကင်းစင်လာစေရန်၊ မူးယစ်ဆေးဝါး စတင်သုံးစွဲခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားသော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ဟောပြောပွဲသို့ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ရောက်ခဲကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment