ဟိုပန်၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်ကြား ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်ကြား ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေး


MNP - မတ်     ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့် (၁၈) နှစ်ကြား ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန စုရပ်နေရာ၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့က  ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တ အနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) သည်  ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထိုးနှံပေးခဲ့သည့် အသက်(၁၂)နှစ်နှင့် (၁၈) နှစ်ကြား ဒေသခံပြည်သူ အမျိုးသား(၆၁)ဦးနှင့် အမျိုးသမီး(၇၁)ဦး စုစုပေါင်း(၁၃၂)ဦး တို့ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)