မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ



MNP ၊ မတ် ၃


ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မတ်လ ပထမအပတ်မှ စတင်ကာ ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာ များ နှင့်  မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တို့တွင် ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာ ကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင် နှင့် အသက်(၂)နှစ်အောက် များအား  နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် အသက် (၂) နှစ် အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်း ရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုး နှံပေး လျှက်ရှိကြောင်းသိရသည်။ 

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် မတ်လ ပထမအပတ်မှ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးခြင်း များကို  ဆောင်ရွက် ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တွင် လည်း ထိုးနှံပေး လျက်ရှိကြောင်း  နှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်နိုင်သည့် ရောဂါများဖြစ်သော သွေးတိုး ၊ ဆီချို စသည့် ရောဂါများကိုလည်း ကျန်း မာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နီနီလွင် ၏ ပြော ကြား ချက်အရသိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost


1 comment:

  1. Las Vegas Casino & Hotel Tickets - JT Ticketmaster
    Find the 남양주 출장안마 Las Vegas 진주 출장안마 Casino & Hotel venue concert 익산 출장마사지 and event schedules, venue 거제 출장마사지 information, directions, and seating charts.Jan 15, 2022Randy HouserFeb 제주도 출장마사지 2, 2022Shawn Foster

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)